အနုပညာ သက်တမ်း ၁၀ နှစ်တာ ကာလမှာ သရုပ်ဆောင် အနုပညာ အတွက်
ကြိုးစားမှုတွေ ပြုလုပ်လာတဲ့ နေတိုးက ဒီနေ့ အချိန်မှာတော့ အကယ်ဒမီ
ဆိုတဲ့ ဆုကို ရရှိ ပိုင်ဆိုင် ထားပါပြီ။
နေရာတိုင်းမှာ ပန်းတိုင် ဆိုတာ ရှိပါတယ်။ အဲဒီ ပန်းတိုင်ဆီ
ရောက်ဖို့တော့ လုံ့လ၊ ၀ီရိယများစွာနဲ့ ကြိုးစား လျှောက်လှမ်းမှ
ရမှာပါ။ နေတိုးက အနုပညာ သက်တမ်း ၁၀ နှစ် အတွင်းမှာ ကြိုးစားခဲ့လို့
သရုပ်ဆောင်တွေရဲ့ ပန်းတိုင် တစ်ခုဖြစ်တဲ့၊ အောင်မြင်မှု တစ်ခုဖြစ်တဲ့
အကယ်ဒမီ ဆိုတာကို ရရှိခဲ့ပါပြီ။ |